အမေးများသောမေးခွန်းများ

iStream Media မှာ အရည်အသွေးမြင့် မြန်မာစာတန်းထိုးများဖြင့် နိုင်ငံတကာရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ၊ မြန်မာဇာတ်ကားကောင်းများကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည့် Streaming Platform တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Live TV အစီအစဉ်များ၊ လူငယ်အကြိုက် ဗီဒီယိုအတိုများနှင့် ကလေးငယ်များအတွက် ပုံပြင်၊ သီချင်းများကိုပါ စုံလင်စွာ ထည့်သွင်းပေးထားပါသည်။

iStram အကောင့်ဖွင့်ရတာ အရမ်းလွယ်ကူပါတယ်။ သင့်ရဲ့ ဖုန်းနံပါတ်၊ Email သို့မဟုတ် Google အကောင့်တစ်ခုခုကို အသုံးပြုပြီး စက္ကန့်ပိုင်းအတွင်း အလွယ်တကူ အကောင့်ဖွင့်နိုင်ပါသည်။ "အကောင့်ဖွင့်ရန်" စာမျက်နှာရှိ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပေးရုံပါပဲ။

ဟုတ်ကဲ့၊ ပါဝင်ပါတယ်။ App ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အခမဲ့ကြည့်ရှုနိုင်သော ဇာတ်ကားများနှင့် ဗီဒီယိုအချို့ကို စတင်ခံစားနိုင်မည် ဖြစ်ပါသည်။ သို့သော်လည်း Premium ဇာတ်ကားများ၊ နောက်ဆုံးထွက် ဇာတ်လမ်းတွဲများကို အပြည့်အစုံ ကြည့်ရှုနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအစီအစဉ် (အသင်းဝင်ကြေး အစီအစဉ်များ) မှ တစ်ခုခုကို ဝယ်ယူရန် လိုအပ်ပါသည်။

iStream ၏ ကလေးကဏ္ဍကို ကလေးငယ်များအတွက် ဘေးကင်းပြီး ပညာပေးဖြစ်စေရန် အထူးစီစဉ်ထားပါသည်။ မြန်မာအသံဖြင့် ပုံပြင်များနှင့် သီချင်းများ ပါဝင်သောကြောင့် ကလေးငယ်များ ပျော်ရွှင်စွာဖြင့် ဗဟုသုတရရှိစေမည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားပါသည်။

iStream ဝန်ဆောင်မှုများကို MMQR စနစ်ဖြင့် တိုက်ရိုက်ပေးချေဝယ်ယူနိုင်ပါသည်။ အကယ်၍ ငွေပေးချေမှုပြုလုပ်ရာတွင် အခက်အခဲရှိပါကဖြစ်စေ၊ ဝယ်ယူနည်းကို အသေးစိတ်မေးမြန်းလိုပါက iStream Media ၏ Customer Support(support@istream.com.mm) မှတစ်ဆင့် ကျွန်ုပ်တို့၏ အရောင်းကိုယ်စားလှယ်များ (Sales Team) ထံသို့ တိုက်ရိုက်ဆက်သွယ်၍ အကူအညီရယူကာ ဝယ်ယူနိုင်ပါသည်။ လူကြီးမင်းတို့အတွက် အဆင်ပြေဆုံးဖြစ်အောင် ကျွန်ုပ်တို့ဘက်မှ အစအဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

အသုံးပြုသူများ စိတ်ကြိုက်ရွေးချယ်နိုင်ရန် Plan (၄) မျိုး ပြင်ဆင်ပေးထားပါသည် -

  • ၁။ Free Plan: App ကို ဒေါင်းလုဒ်ဆွဲလိုက်သည်နှင့် အခမဲ့ဇာတ်ကားများကို စက် (၁) လုံးဖြင့် ချက်ချင်းကြည့်ရှုနိုင်ပါသည်။
  • ၂။ Basic Plan (၅,၀၀၀ ကျပ်/၁ လ): စက် (၃) မျိုး (Phone, Tablet, Android TV) ဖြင့် တစ်ပြိုင်တည်း ကြည့်ရှုနိုင်ပါသည်။
  • ၃။ Premium Plan (၃၀,၀၀၀ ကျပ်/၆ လ): စက် (၄) မျိုး (Phone, Tablet, Laptop, Android TV) ဖြင့် တစ်ပြိုင်တည်း ကြည့်ရှုနိုင်ပါသည်။
  • ၄။ Elite Plan (၅၅,၀၀၀ ကျပ်/၁ နှစ်): စက် (၄) မျိုး (Phone, Tablet, Laptop, Android TV) ဖြင့် တစ်ပြိုင်တည်း ကြည့်ရှုနိုင်ပါသည်။

လောလောဆယ်တွင် iStream ၌ ဗီဒီယိုများကို ဒေါင်းလုဒ်ဆွဲ၍ Offline ကြည့်ရှုနိုင်သည့်စနစ်မပါဝင်သေးပါ။ iStream ကို အသုံးပြုသူများ ပိုမိုအဆင်ပြေစေရန်အတွက် နည်းပညာပိုင်းဆိုင်ရာများကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက်ရှိပြီး၊ နောင်တွင် အဆိုပါစနစ် နှင့် တခြားလုပ်ဆောင်ချက်အသစ်များကိုပါ ထည့်သွင်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဗီဒီယိုအရည်အသွေးကို Low/Medium/High စသည်ဖြင့် ကိုယ်တိုင်ရွေးချယ်နိုင်သည့်စနစ် မပါဝင်သေးပါ။ သို့သော်လည်း အသုံးပြုသူများ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရန်အတွက် သင်၏အင်တာနက်အမြန်နှုန်းပေါ် မူတည်၍ အကောင်းဆုံးသော ဗီဒီယိုအရည်အသွေးကို အလိုအလျောက် ချိန်ညှိပြသပေးလျက် ရှိပါသည်။ ကျွန်ုပ်တို့၏ App ကို နောက်ပိုင်းတွင် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်သည့်အခါ အဆိုပါ ဗီဒီယိုအရည်အသွေး ရွေးချယ်နိုင်သည့် လုပ်ဆောင်ချက်များကို ထည့်သွင်းပေးသွားရန် အစီအစဉ်ရှိပါသည်။

သင့်အနေဖြင့် စကားဝှက် မေ့သွားပါက “အကောင့်ဖွင့်ရန်” ဝင်သည့်စာမျက်နှာရှိ Forgot password "လျှို့ဝှက်ကုဒ် မမှတ်မိတော့ဘူးလား?" ကိုနှိပ်၍ ကိုယ်တိုင် ပြန်လည်သတ်မှတ်နိုင်ပါသည်။ အကယ်၍ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲရှိပါက သို့မဟုတ် လူကြီးမင်းတို့ ကိုယ်တိုင်လုပ်ဆောင်ရန် အဆင်မပြေပါက ကျွန်ုပ်တို့၏ Customer Support ထံသို့ တိုက်ရိုက်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။ ကျွန်ုပ်တို့အဖွဲ့သားများမှ သင့်အကောင့်ကို ပြန်လည်အသုံးပြုနိုင်အောင် အမြန်ဆုံး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ဟုတ်ကဲ့၊ ပါဝင်ပါတယ်။ iStream တွင် ကလေးငယ်များအတွက် သီးသန့်ကဏ္ဍ (Bright Treasure) ပါဝင်ပြီး အဆိုပါကဏ္ဍထဲသို့ ဝင်ရောက်လိုက်ပါက ကလေးငယ်များနှင့် သင့်တော်သည့် အစီအစဉ်များကိုသာ ရွေးချယ်ပြသပေးမည် ဖြစ်ပါသည်။ ထို့အပြင် ကလေးငယ်များက လူကြီးကြည့်ဇာတ်ကားများရှိရာသို့ မတော်တဆ ဝင်ရောက်သွားခြင်းမျိုး မရှိစေရန်အတွက် အကောင့်ချိန်ညှိမှုများထဲတွင် မိဘထိန်းချုပ်မှုစနစ်များဖြင့် ကန့်သတ်ထားနိုင်ရန်လည်း စီစဉ်ပေးထားပါသည်။

အကယ်၍ iStream မှာ ရုပ်သံကြည့်ရှုနေစဉ် ထစ်ခြင်း (သို့မဟုတ်) တခြားအဆင်မပြေမှုတွေ ရှိနေရင် အရင်ဦးဆုံး သင့်ရဲ့ အင်တာနက်လိုင်းကို စစ်ဆေးပေးပါ။ အဆင်မပြေမှု ဆက်ရှိနေသေးရင်တော့ App ကို ပိတ်ပြီး ပြန်ဖွင့်တာမျိုးလုပ်ပါ (သို့မဟုတ်) ဖုန်းထဲရှိ Cache များကို ရှင်းလင်းကြည့်ပါ။ အဲ့ဒီနည်းလမ်းတွေနဲ့မှ အဆင်မပြေသေးဘူးဆိုရင်တော့ ကျွန်ုပ်တို့၏ Customer Support ထံသို့ တိုက်ရိုက်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။