- Horror
The Wig
Horror ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ၂၀၀၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Wig ဆိုတဲ့ ဇာတ်လမ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ .. မတော်တဆမှုတစ်ခုကြောင့် အသံဆုံးရှုံးလိုက်ရတဲ့ ဂျီဟျွန်းဟာ ကင်ဆာရောဂါသည်ဖြစ်တဲ့ ညီမဖြစ်သူ ဆူဟျွန်းကို ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ရောဂါကုထုံးကြောင့် ဆံပင်တွေအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ ဆူဟျွန်းကို ဆံပင်တုလေးတစ်ခု လက်ဆောင် ပေးလိုက်တဲနောက်မှာပဲ သူတို့ညီမနှစ်ယောက်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ဆံပင်တုကို တပ်ပြီးတဲ့နောက်မှာ ဆူဟျွန်းဟာ ရောဂါသည်တစ်ယောက် မဟုတ်တော့ဘဲ သာမန်လူတစ်ယောက်လို လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ဒါ့အပြင် အပြုအမူတွေပါ ပြောင်းလဲလာတဲ့ ဆူဟျွန်းကို ဂျီဟျွန်းက စိုးရိမ်စွာနဲ့ စောင့်ကြည့်လိုက်တဲ့အခါမှာ ဆံပင်တုနဲ့ သက်ဆိုင်နေတယ်ဆိုတာကို သိရှိသွားခဲ့ပါတယ် .. ဒီတော့ ဆံပင်တုကြောင့် ဆူဟျွန်းတစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားတာလဲ။ ဂျီဟျွန်းကလည်း သူ့ညီမကို ဘယ်လိုတွေ ကာကွယ်ပေးသွားမလဲ။ ဆူဟျွန်းရဲ့ဆံပင်တုမှာ ဘယ်လိုနောက်ကြောင်းတွေ ရှိခဲ့တာလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ပါဦနော် ..