- Drama
Gabriel's Rapture Part III
နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒီတစ်ခါမှာတော့ part 3 ကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့ အားလုံးရင်းနှီးပြီးသား ဖြစ်မယ်လို့ထင်ပါတယ်။ အပိုင်းနှစ်မှာ ဂေဘရီရယ် ရက်ရက်စက်စက် ထားခဲ့တာ ခံခဲ့ရပြီး အသည်းကွဲသွားတဲ့ ဂျူလီတစ်ယောက် သူငယ်ချင်းပေါလ်နဲ့ ပါမောက္ခကတ်သရင်းတို့ရဲ့ ကူညီမှုတွေကြောင့် ပြန်အဆင်ပြေစပြုလာပါပြီ။ ကျောင်းဆက်တက်ဖို့ ဘော်စတွန်ကို ပြောင်းခဲ့ရာမှ ဂေဘရီရယ်ဆီက မက်ဆေ့တွေကို အမှတ်မထင် ရှာတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ ပြန်ဆုံကြမလား။ ဂေဘရီရယ် ဘာလို့ ဒီလောက်ရက်စက်ခဲ့ရလဲဆိုတာကို ကြည့်ရှူခံစားရမှာပါ။