Gabriel's Redemption Part I

ဒီကားလေး‌ကတော့ အရှေ့မှာ Gabriel’s Inferno (Part- 1,2.3) နဲ့ Gabriel’s Rapture (Part- 1,2.3) ဆိုပြီး စုစုပေါင်း ၆ ပိုင်း ထွက်ရှိထားပြီး ဒီကားလေးကို ကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးတွေကို ကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။ ဒီကား‌ထဲမှာတော့ ဂေဘရီရယ်တစ်ယောက် ကလေးယူချင်စိတ်ပြန်ဖြစ်လာပေမဲ့ ဂျူလီယာက ဘွဲ့လွန်ကျောင်းတစ်ဖက်နဲ့ဖြစ်နေပြီး ပညာရေးကို မစွန့်လွတ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။ မိသားစုတစ်ခု နှစ်ယောက်အတူထူထောင်လိုက်ရင် ကလေးတစ်ဖက်နဲ့ သူမပြုစုချင်တဲ့ချင်တဲ့ စာတမ်းတွေ မပြီးမြောက်ဘဲ ဘွဲ့လွန်ကျောင်းကနေထွက်ရမယ့်အဖြစ်နဲ့ကြုံမှာကို သူမအကြောက်ကြီးနေခဲ့တယ်။ တစ်နေ့မှာ ဂျူလီယာရဲ့စာတမ်းကို ပါမောက္ခ ဂေဘရီရယ်တစ်ယောက် ဖတ်ကြည့်ပြီး ဒန်တေးရဲ့ဇာတ်လမ်းအပေါ် အမြင်မတူကြရာကနေ အခြေခံကာ ဂျူလီယာတို့ လင်မယား လက်ထပ်ပြီး ပထမဆုံးရန်ပွဲလေးကို နွှဲလိုက်ရပါတော့တယ်။ စာတမ်းပို့ချဖို့ အီတလီကိုသွားကြတဲ့အခါမှာလည်း ကတ်သရင်းတစ်ယောက်ဟာ ဂျူလီယာ့ကို မနာလိုဝန်တိုစိတ်နဲ့ အသရေဖျက်လိုဖျက်၊ အိမ်ထောင်ရှိနေပြီဖြစ်တဲ့ ဂေဘရီရယ်ကို သွေးဆောင်လိုဆောင်နဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာတို့လင်မယားကို အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေခဲ့ပါတယ်။ အမှောင့်အဖျက် ကတ်သရင်းတစ်ယောက် ဂျူလီယာ့ကို ဘယ်လိုနှောင့်ယှက်မလဲ.. သူကိုယ်တိုင်လည်း ဘာတွေကြုံတွေ့ရဦးမလဲ.. သူ့ကိုဘယ်လိုအရာတွေက စောင့်ကြိုနေလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ အချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ ပရိသတ်အချို့ သဘောကျကြတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ကျန်ရှိနေသေးတဲ့ အခြေအနေတင်းမာမှုလေးတွေကိုလည်း ဟိုတစ်စဒီတစ်စ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

  • 2023
  • English
  • 1 hrs 48 min
  • 5.4 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
movie-card
  • Horror
  • Drama
သရဲမလင်
1 hrs 36 min
1
movie-card
  • Funny
  • Drama
မယားညီကို
1 hrs 27 min
1
movie-card
  • Drama
ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ
1 hrs 38 min
1
movie-card
  • Action
  • Comedy
Killers of the Flower Moon
3 hrs 18 min
english
movie-card
  • Drama
Gabriel's Rapture Part II
1 hrs 39 min
english
movie-card
  • Drama
Gabriel's Rapture Part III
2 hrs 09 min
english